Travel Sector Updates

ချင်းတိုင်းရင်းသားများ၏ သမိုင်းမှတ်တမ်းဖြစ်သည့် တီးတိန်မြို့ရှိ နှစ်ပေါင်း ၁၂၀ကျော် သက်တမ်း ရှာလ်လုမ်းခံတပ်

missing
Photo - Chan Mon Htoo Facebook

ဧရိယာအကျယ်အားဖြင့် ၂.၇၅၅ ဧက ရှိသော တီးတိန်းမြို့ရှိ သမိုင်းဝင် ရှာလ်လုမ်းခံတပ်ကို ခရီးသွားဧည့်သည်များသွား ရောက်လည်ပတ်နိုင်ပြီဖြစ်သည်။

ရှာလ်လုမ်းခံတပ်သည် ပင်လယ်ရေ မျက်နှာပြင်အထက်ပေ ၄၀၀၀မြင့်သည့် တီးတိန်မြို့နယ် ဝေါ့လာကျေးရွာမှ တစ်မိုင်ခွဲခန့် ကွာဝေးသောနေရာတွင် တည်ရှိသည်

ကလေးမြို့မှဆိုလျှင်  မိုင် ၃၀ အကွာရှိသော ဖလမ်း-သိုင်းငင်း ကားလမ်းပေါ်ရှိ ဇောင်ကောင်ရွာမှ သုံးနာရီခန့်သွား ရောက်ရပြီး တီးတိန်မြို့နှင့် မိုင်၂၇ မိုင် အကွာရှိ သိုင်းငင်ကျေးရွာ၊ ကလေးမြို့နှင့် မိုင် ၃၀ ကွာ ဝေးသော ဖလမ်း၊ ဟားခါးနှင့် တီးတိန်သို့ သွားသည့် လမ်းသုံးပွင့်ဆိုင်နေရာတွင် တည်ရှိပါသည်



ယင်းခံတပ်သည် ချင်းပြည်နယ် တီးတိန်မြို့သို့ သွားရောက်လည်ပတ်ရင်း တဆက်တည်း သွားရောက်နိုင်သော ခရီးစဉ်နေရာတစ်ခုလည်းဖြစ်သည်။ ချင်းပြည်နယ်၏ အထင်ကရနေရာ တစ်ခုဖြစ်သည့် အသည်းနှလုံပုံရိဒ်ရေကန်ကိုလည်း လည်ပတ်နိုင်သည်။ တီးတိန်သည် ရိဒ်ရေကန်ရှိသည့် ရိခေါဒါရ်မြို့နှင့် ကလေးမော်တော်ကား လမ်းပေါ်တွင်တည်ရှိကာ ပွင့်လင်းရာသီတွင် (၁၀)ယောက်စီး မီနီဘတ်စ်များ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ကလေးမှ တီးတိန်သို့လည်းကောင်း၊ ကလေးမှ ရိဒ်ခေါဒါရ်အထိ လည်းကောင်း၊ ကလေး-တီးတိန်-တွန်းဇံသို့လည်းကောင်း၊ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ဘက်ဆုံး ကျီခါးမြို့အထိ လည်းကောင်းသွားရောက် လည်ပတ်နိုင်သည်။
ရှာလ်လုမ်း ခံတပ်သည် ကျင်းကြီး ကျင်းငယ်များ၊ ကြည့်ကင်းများနှင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ခံတပ်အောက်ပိုင်းတွင်မူ လျှိုမြောင်၊ ချောင်း၊ ကမ်းပါးယံများရှိသည်။ ခံတပ် ကတုတ်ကျင်းများကို ချောင်း၏ တစ်ဖက်တစ်ချက်တွင် ဆောက်လုပ်ထားပြီး ဆက်သွယ်ရေး ကတုတ်ကျင်းများဖြင့် ဆက်သွယ်ပေးထားသည်။

ဗြိတိသျှတို့သည် ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာပြည်ကို သိမ်းပိုက်ခဲ့ပြီးနောက် ချင်းတောင်ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့စဉ် ချင်းတိုင်းရင်းသားများနှင့် ဝေါ့လာရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် ရှာလ်လုမ်းတိုက်ပွဲသည် အခိုင်မာဆုံးခံတပ်နှင့်ခက်ခဲအပြင်းထန်ဆုံး ဖြစ်ခဲ့ကြောင်းသိရသည်။

ယင်းကို အပြည် ပြည်ဆိုင်ရာ တိုက်ပွဲများတွင် အခိုင်မာဆုံးခံတပ်နှင့် ခက်ခဲပြင်းထန်သော တိုက်ပွဲတစ်ခုအဖြစ် မှတ်တမ်း တင်ထားကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေငြာချက်အရ သိရသည်။
ရှာလ်လုမ်းခံတပ်ကို ၁၉၆၅ ခုနှစ်တွင် ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်ခဲ့ပြီး  ခံတပ်ကမ္ဗည်းတိုင် စိုက်ထူခဲ့သည်။ နယ်ချဲ့ကိုတွန်းလှန်ခဲ့သည့် ချင်းတိုင်းရင်းသားတို့၏ ရှာလ်လုမ်းတိုက်ပွဲ အောက်မေ့သတိရခြင်း အခမ်းအနားကိုလည်း စီးယင်းချင်းမျိုးနွယ် ၃၀၀ကျော်နေထိုင်သည့် ဝေါ့လာကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။

ယင်းခံတပ်သည် ချင်းတိုင်းရင်းသားများ၏ သမိုင်းမှတ်တမ်းအဖြစ် နှစ်ပေါင်း၁၂၀ကျော်တိုင်တည်ရှိနေပြီး  သမိုင်းအထောက် အထားတစ်ရပ်အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။


Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments