Travel Sector Updates

တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရိုးရာဓလေ့တွေကို ဖေါ်ပြတဲ့ “တိုင်းရင်းသားရေးရာဂျာနယ်” စတင်ထုတ်ဝေ

missing

မြန်မာရေးရာလေ့လာရေးအဖွဲ့ (Center for Myanmar Affairs Studies) ကစီစဉ်ထုတ်ဝေတဲ့ တိုင်းရင်းသားရေးရာ(Ethnics Affairs) ဂျာနယ်အမှတ် - ၁ ဟာဆိုရင် ဇူလိုင် ၁ ရက်နေ့မှာ စတင်ထွက်ရှိလာပါပြီ။ တိုင်းရင်းသားရေးရာ(Ethnics Affairs) ဂျာနယ်ကို လေးလတစ်ကြိမ် ထုတ်ဝေသွားမှာဖြစ်တယ်လို့သိရပါတယ်။

ပထမဆုံးထုတ်ဝေလိုက်တဲ့ ဒီစာစောင်မှာဆိုရင် တိုင်းရင်းသားလူမျိုးတွေရဲ့ရိုးရာဓလေ့အပါအဝင် လူသိနည်းပြီးထင်ရှားလှတဲ့ များစွာသော အကြောင်းအရာတွေ ဖော်ပြထား ပါတယ်

ဆရာကြီး မင်းသုဝဏ်ရဲ့ ငွေတောင်ပြည်မှ ဖားစည်သံ ၊နှင်းတောင်ပေါ်က ယဉ်ကျေးမှု ၊ကွဲပြားမှုတွေထဲက တူညီချက်စတဲ့ စာပေဝေဖန်ချက်တွေနဲ့အတူ ကချင် ၊ဂျိန်းဖော့ ၊ကချင်ရိုးရာ တူရိယာတွေ၊ ချစ်စရာ ဂုံအမျိုးသား၊မွန်လူမျိုး ၊မွန်ယဉ်ကျေးမှုနောက်ခံသမိုင်း ဖော်ပြချက်တွေလည်း ပါဝင်ပါတယ်

Advertisment
advertisment



ဒါ့အပြင် ထားဝယ်ထိမ်းမြားမင်္ဂလာ ၊အင်းသား ၊အင်းလေဒေသဝေါဟာရ ၊ရခိုင်ဓလေ့နဲ့ ရခိုင်သင်္ကြန်၊ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ ၊တိုင်းရင်းသားလူမျိုးတွေရဲ့ စကားပုံတွေ၊ ဆန်းစစ်လေ့လာချက် ၊ကယားပြည်နယ်ရှိ တိုင်းရင်းသားတွေလိုက်နာကျင့်သုံးကြတဲ့ တဘူးခေါ်  ရှောင်ဓလေ့တွေ ၊သျှာမ်း၊ကရင်နဲ့လွတ်လပ်ရေးစတဲ့ ဆောင်းပါးစာတမ်းတွေပါဝင်သလို မောင်ဇေယျာရဲ့ မြန်မာ့စွယ်စုံကျမ်း တိုင်းရင်းသားလူမျိုးတွေအညွှန်းလည်း ဖော်ပြပါရှိပါတယ်။

ယခုလို ထင်ရှား ကျော်ကြားလှတဲ့သမိုင်း ၊ဓလေ့တွေအကြောင်းကို ဝါရင့်စာရေးဆရာကြီးဖြစ်တဲ့ ဆရာကြီးမင်းသုဝဏ် ၊မောင်ပင်တည် ၊မြန်ဂုဏ်ဆောင် ၊ဗိုလ်မှူးဘရှင် ၊နိုင်ပန်းလှ ၊ရွှေဝယ်ဧ ၊တင် ဧ(ရှမ်းပြည်)၊  ဦးမောင်မောင်အေး(စစ်တွေ) ၊ဦးကျော်ရင်(ကထိက)၊ဦးမင်းနိုင်(ယဉ်ကျေးမှုဌာန) ၊ဒေါ်ခင်ခင်ဦး ၊ဒေါက်တာသန်းထွန်း ၊မောင်ဇေယျာအပါအဝင် ဆရာသာထိုတို့က ရေးသားထား တာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာတော့ ဓူဝံစာပေ မှာ ဝယ်ယူနိုင်မှာဖြစ်ပြီး နယ်မှ တစ်ဦးချင်းမှာယူလိုသူတွေအတွက်ကိုတော့ စာတိုက်ကနေတဆင့် ပေးပို့သွားမယ်လို့သိရပါတယ်။

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments