Travel Sector Updates

ပုဂံဘုရားတွေပေါ် တက်ရောက်ခွင့် ပိတ်ပင်ထားသည့်ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက အသိပေး ရှင်းပြ

missing



ပုဂံ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား၊စေတီ ၊ပုထိုး အပါအ၀င် အဆောက်အအုံ များ မှာ အေဒီ ၁၁ ရာစု ၊၁၂ ရာစု နဲ့ ၁၃ ရာစုနှစ်အတွင်း တည်ဆောက်ထားတဲ့ ရှေးဟောင်း အဆောက် အအုံတွေ ဖြစ်တာကြောင့် ကာလသက်တမ်းဆိုလျှင် ၈၀၀ ကျော် ၉၀၀ နီးပါးရှိနေပါပြီ

ဒါ့အပြင် သဘာဝဘေးဒဏ်ကိုလည်း ပုဂံခေတ်ကတည်းက ယနေ့အထိတိုင် ကြိမ်ဖန်များစွာ ခံစားခဲ့ရသဖြင့် မျက်မြင် ခန့်မှန်းမသိရှိနိုင်တဲ့ အန္တရယ်တွေရှိနိုင်ပါတယ်။

 ဘာသာရေးရှုထောင့်အရကြည့်မယ်ဆိုပါကလည်း ဘုရား ၊ စေတီ ၊ ပုထိုးတွေမှာ ဓါတ်တော် မွေတော် ထည့်ပြီး ဌာပနာထားတာကြောင့် ဘုရားတွေပေါ်တက်ရောက်ခြင်းဟာ အဂါရ၀ဖြစ်စေပါ တယ်

Advertisment
advertisment

ဘုရားတွေရဲ့ သက်တမ်းဟာ နှစ်သက်တန်း ထောင်ဂဏန်းဝန်းကျင်ကြာမြင့်တာက တစ်ကြောင်း ၊ အချို့သော ဘုရားတွေမှာဆိုရင် အပေါ်တက်ရောက်နိုင်တဲ့လှေကားတွေဟာ မတ်စောက်ေ နတယ်။ ပစ္စယာတွေမှာရှိတဲ့ စဥ့်ကွင်းတွေလည်းပျက်ဆုံးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလယ်မဏ္ဍိုင် မပါဝင်ဘဲ အာရုံခံကျယ်ပြန့်တဲ့ ဂူဘုရားတွေဟာ  နှစ်ကာလ ကြာရှည်လာတဲ့အပြင် လူဦးရေ ရာဂဏန်းနှင့် တက်ရောက်ပါက ခံနိုင်ဝန်အား မမျှတမှုကြောင့် ခိုင်ခန့်မှုအင်အား လျော့နည်းလာကာ ပြိုကျမှုတွေလည်း  ဖြစ်လာနိုင်ပါတယ်။

ဘုရားတွေပေါ်တက်ရောက်ခွင့် မပိတ်ခင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တုန်းကဆိုရင်  ဘုရားများပေါ်  တက်ရောက်ရင်းက နိုင်ငံခြားသား လိမ့်ကျမှု ၄ ကြိမ် ဖြစ်ပေါ်ခဲ့သလို ၁ ကြိမ်မှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ ပုဂံဘုရားတွေပေါ် တက်ရောက်ခွင့်ကို ကန့်သတ်ထားတာဖြစ်တယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနကနေ ပြည်တွင်းပြည်ပခရီးသွားဧည့်တွေအတွက် တရားဝင် ထုတ်ပြန်ကြေညာပေးခဲ့တာပဲ ဖြစ်ပါတယ်။


Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments