Travel Sector Updates

ပြည်တွင်းနဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်း စီးပွားမိတ်ဖက်တွေကို ချိတ်ဆက်ပေးဖို့ ရည်မှန်းထားတဲ့ Myanmar International Tourism Expo 2018

missing
Photo - Phyo Thiha

မြန်မာ့ခရီးသွားလုပ်ငန်းဈေးကွက်နဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်း တို့ကို ချိတ်ဆက်ပေးဖို့ ရည် ရွယ်ချက် နဲ့ Myanmar International Tourism Expo 2018 ပြပွဲကို ယခုလ (ဇူလိုင်) ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။

ပြပွဲကို ပြည်ပနိုင်ငံ ၈ နိုင်ငံက အဖွဲ့အစည်းတွေက ပြည်တွင်းမှာရှိတဲ့ ခရီးသွားတွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ခရီးသွားဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်ကြမှာပါ

ပြပွဲပြခန်းတွေမှာ အိန္ဒိယ၊ ကိုရီးယား နဲ့ ထိုင်းနိုင်ငံ တို့လည်းပါဝင်မှာဖြစ်ပါတယ်။ အဲဒီအပြင် ပုံမှန်ခရီးသွားတွေ၊ ကျန်းမာရေး၊ပညာရေး၊ မင်္ဂလာပွဲမတိုင်မီ သတို့သား သတို့သမီးတွေ နဲ့ စီးပွားရေး အရ ခရီးသွားသူမယ့်သူတွေကို ၀န်ဆောင်မှုပေးတာတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေအတွက် ဒီပြပွဲက အကူအညီ အထောက်အကူဖြစ်စေမှာဖြစ်သလို သတင်းအချက်အလက်တွေလည်း ရရှိစေမှာဖြစ်ပါတယ်



မနေ့ (ဇူလိုင် ၄) က Chatrium Hotel မှာပြုလုပ်ခဲ့တဲ့ ပြပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပွဲစီစဉ်သူ ICVeX Co. Ltd. ရဲ့ အထွေထွေ မန်နေဂျာ Mr Chinakit Viphavakit က “ဒီပြပွဲဟာ မြန်မာ ပြည်တွင်းနဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်း တို့အကြားမှာ ချိတ်ဆက်ပေးမယ့် နေရာတစ်ခု ဖြစ်ပါလိမ့်မယ်။ ခရီးသွားလုပ်ငန်းပိုင်းမှာ အထူးသဖြင့် စီးပွားရေးအပိုင်းမှာ ချိတ်ဆက် ဆောင်ရွက်နိုင်စေမယ့် အခွင့်အလမ်းတွေကိုလည်းပဲ တွေ့ရနိုင်မယ့်ပွဲဖြစ်ပါမယ်” လို့ ပြောကြားပါတယ်။

ပွဲရဲ့ ပထမ နှစ်ရက်မှာ ပြပွဲစီစဉ်သူတွေရဲ့ အထူးရည်ရွယ်လှုပ်ရှားမှာက နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပြည်တွင်း ကုမ္မဏီ တို့ကို ချိတ်ဆက်ပေးပြီး စီးပွားရေးပိုင်းဆိုင်ရာ သဘောတူညီမှုတွေအတွက် အခွင့်အလမ်းတွေ ရရှိနိုင်အောင်ပါ။ သုံးရက်ကြာ ကျင်းပမယ့် ပြပွဲမှာ ကစားပွဲ games တွေ ဖျော်ဖြေမှုအစီအစဉ်တွေလည်း ပါဝင်ပါမယ်။ ထိုင်းနိုင်ငံ၊ တိုင်ဝမ်၊ Vietjet Airlines တို့ဆီက ရိုးရာအကတွေ အပါအ၀င်ပါ။ မြန်မာ၊ထိုင်း နဲ့ ကိုရီးယား အဖွဲ့သားတွေပါဝင်တဲ့ Rose Quartz တေးဂီတ အဖွဲ့ ဖြေဖျော်မှုလည်း ပါဝင်ပါမယ်။ ပြပွဲကို တက်ရောက်ကြသူတွေအတွက် အထူးအစီအစဉ်တွေ ဈေးနှုန်းလျှော့မှုတွေကို လည်းတွေ့ရမှာပါ။

“Myanmar International Tourism Expo 2018 ပြပွဲဟာ နိုင်ငံတကာက အဖွဲ့အများအပြားနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ခရီးသွားလုပ်ငန်းတွေ အတွက် ဆက်သွယ်ဖို့ ကွန်ယက်နဲ့ အတွေ့အကြုံတွေဖလှယ် ဖို့ အခင်းအကျင်းတစ်ခုဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံသားတွေအတွက်လည်းပဲ ခရီးသွားနေရာသစ်တွေ ကိုရှာတွေ့ဖို့ အခွင့်အရေးရှိပါလိမ့်မယ်။ ခရီးသွားခြင်းဟာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အစပဲလို့ ကျွန်တော်တို့ ထင်မြင်ယုံကြည်ထားပါတယ်။ အထူးသဖြင့် ပို့ကုန်လုပ်ငန်းလိုမျိုးတွေပါ။ ကျွန်တော်တို့ အခြားတိုင်းပြည်တွေကို သွားလည်တဲ့အခါ အလားအလာရှိတဲ့ ဈေးကွက်တွေကို တွေ့မြင်ရချိန်မှာ ကျွန်တော်တို့ လုပ်ငန်းတွေကို ပြည်ပမှာ တိုးချဲ့နိုင်မှာပါ” လို့ မြန်မာခရီးသွားလုပ်ငန်းရှင်များအသင်း (MTA) ဥက္ကဌ ဦးသက်လွင်တိုးက ပြောပါတယ်။

သုံးရက်ကြာကျင်းပမယ့် ဒီပြပွဲကို တပ်မတော်ခန်းမမှာ ကျင်းပမှာဖြစ်ပြီး ၀င်ကြေး အခမဲ့ဖြစ်ပါတယ်။ ပွဲစီစဉ်သူတွေအနေနဲ့ တစ်နေ့ ဧည့်သည် ၅၀၀၀ အထိ လာရောက်လေ့လာကြမယ်လို့ မျှော်မှန်းထားပါတယ်။

Marie is copy editor and writer at My Magical Myanmar since 2016. From Ireland but living in Myanmar for the past five years, she specializes in travel writing and hotel and restaurant reviews. Her writing and photography have been published in numerous local as well as major international publications including Al Jazeera and The Irish Times. Her passion lies with exploring unknown destinations and discovering diverse ethnic cuisines."""

0Comments

Leave a Comments